
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မရမ်းအနောက်ကျေး ရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ဧပြီ (၂၄) ရက်က ဖဲဝိုင်းနှင့် ခြောက်ကောင်ဂျင်လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းအရ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး(မှုခင်းအကူဌာန)မှ တပ်ကြပ်ကြီးစိုးတင့်၊ တပ်ကြပ်၊ အေးမင်းစိုး၊ တပ်ကြပ် မျိုးဇော်ထွန်း၊ ဖျာပုံခရိုင် (မှုခင်းနှိမ်နှင်းရေး) ရဲအုပ်ဇော်ထိုက်၊ ဒု-တပ်ကြပ် အောင်ဆွေဦး၊ ဒေးဒရဲမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဌေးလွင်၊ ဆူးကလပ်ရဲကင်းစခန်းမှ ဒုရဲအုပ်စိုးညွှန့်တို့သည် မကျည်းကုန်းကျေးရွာမှ သက်သေများနှင့်အတူ မကျည်းကုန်းကျေးရွာ လမ်းဘေး မြေကွက်အတွင်းရှိ ကုက္ကိုပင်အောက်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ခြောက်ကောင်ဂျင်လောင်းကစားဝိုင်းများကို တွေ့ရှိရပြီး ထွက်ပြေးသူများအနက်မှ ဦးလှမျိုး အပါအဝင် (၅)ဦး အား သက်သေခံပစ္စည်းများနှင့် လောင်းကြေးငွေ (၄၅၄၄၀၀) ကျပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

Comments
Post a Comment